နမ့်စန်(တ) မေ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းက အမှာစကားပြောကြား၍ ညွှန်ကြားချက်များအား ပြန်လည်ရှင်းလင်းခြင်း၊ ကျောင်းဖွင့်ရာသီမတိုင်မီ စာသင်ကျောင်းနှင့် ပတ်ဝန်းကျင်များသန့်ရှင်းသာယာလှပရေး၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းသာယာ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေး၊ မြို့နယ်အတွင်း အများနှင့်သက်ဆိုင်သည့်နေရာများတွင် အပတ်စဉ်စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မည့်အစီအမံများ၊ ရပ်ကွက်နှင့်ကျေးရွာများအတွင်း သန့်ရှင်းသာယာလှပရေး၊ လမ်းဘေးဝဲယာများနှင့် နမ့်လတ်ချောင်းအတွင်း အမှိုက်များစည်းကမ်းမဲ့စွန့်ပစ်နေမှုအခြေအနေနှင့် ထိရောက်စွာအရေးယူဆောင်ရွက်ရေး၊ စစ်မှုထမ်းကိစ္စ၊ သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာရေး၊ စိုက်ပျိုးမွေးမြူရေး၊ လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အဆောက်အဦများဆောက်လုပ်နေမှု၊ လူဦးရေစာရင်းများ မှန်ကန်စွာပြုစုရေး၊ ကျေးလက်လမ်းများဆောင်ရွက်နေမှုနှင့် သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးနှင့် အေးချမ်းသာယာရေးကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နမ့်စန်မြို့နယ်နှင့် ခိုလမ်မြို့တို့မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သူရအောင်(နမ့်စန်)