မုဒုံမြို့ စိမ်းလန်းစို​ပြေရေးအတွက် အရိပ်ရပျိုးပင် ၃၅၀၀၀ ပျိုးထောင်ထားရှိ

မုဒုံ မေ ၁၉

မွန်ပြည်နယ် မုဒုံမြို့နယ် သစ်တောဦးစီးဌာနသည် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရန်အတွက် အရိပ်ရပျိုးပင်ပေါင်း ၃၅၀၀၀ ကို ယခုနှစ် မိုးရာသီတွင် စိုက်ပျိုးဖြန့်ဖြူးပေးနိုင်ရန် တာပသွန် (အမြဲတမ်း) ပျိုးဥယျာဥ်ခြံ၌ ပျိုးထောင်ထားရှိသည်။

လူထုဖြန့်ပျိုးပင်များအနေဖြင့် မန်ဂျန်ရှား ၅၀ဝဝ၊ အော်ရေရှား ၁၅၀၀မဟော်ဂနီ ၃၀၀၀ ၊ သင်္ကန်း ၁၀၀၀၊ ပျဥ်းမ ၁၀၀၀ စုစုပေါင်း အရိပ်ရပျိုးပင် ၃၅၀၀၀ ကို အခမဲ့ဖြန့်ဝေစိုက်ပျိုးမည်ဖြစ်ကြောင်း မုဒုံမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မုဒုံမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ရာသီဥတုပြောင်းလဲမှု ဂေဟစနစ်များ မျှတကောင်းမွန်စေရန်၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုများ လျော့နည်းစေရန် ရည်ရွယ်ချက်များဖြင့် မဟော်ဂနီ၊ မန်ဂျန်ရှား၊ ပျဉ်းမ၊ အော်ရေးရှား စသည့် အရိပ်ရပျိုးပင်များ ကိုပြုစုပျိုးထောင်၍ စိုက်ပျိုးလျက်ရှိသည်။ ထို့အပြင် ကျေးလက်ဒေသစိမ်းလန်းစိုပြေစေရေးအတွက် အရိပ်ရပျိုးပင်များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ သစ်တောစိုက်ခင်းများ တည်ထောင်စိုက်ပျိုးခြင်း၊ သဘာဝဘေးကြောင့် ပျက်စီးသည့် သစ်တောသစ်ပင်များ ကောင်းမွန်ရေးအတွက် သစ်ပင်စိုက်ခင်းများ စိုက်ပျိုးခြင်း၊ သစ်တောသစ်ပင်များ ပြုန်းတီးမှုမရှိစေရေးနှင့် သဘာဝသစ်တောများ ပြုန်းတီးမှုလျော့ချနိုင်ရေးတို့ကို အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)