ကျိုက်မရော မေ ၁၉
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)၌ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် ၉ နာရီမှ စတင်ကာ တောင်သူဦးကြီးများထံ စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
မိုးရာသီ၌ လယ်ယာလုပ်ငန်းခွင် စတင်ဝင်ကြမည့် လယ်သမားများအနေဖြင့် မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများကို အချိန်မီဆောင်ရွက်နိုင်စေရန်အတွက် ယခင်စိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျန်မရှိသည့် တောင်သူများအား အတိုးနှူန်း ၅ ရာခိုင်နှုန်းဖြင့် ဦးစားပေးထုတ်ချေးပေးခြင်းဖြစ်ပြီး မိုးစပါးတစ်ဧကလျှင် တစ်သိန်းခွဲနှူန်းဖြင့် ထုတ်ပေးကြောင်း သိရသည်။
ကျိုက်မရောမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၅ ခုနှစ်၊ လျာထားဧက(၉၀၀၀)အတွက် ချေးငွေကျပ်(၁၁၄၂၅၅၀၀၀၀)သိန်း ထုတ်ချေးပေးရန်လျာထားပြီး ယနေ့တွင် ပထမဆုံးထုတ်ချေးသည့် ကျုံဝမ်းကျေးရွာမှ တောင်သူ(၄၁)ဦး၊ စိုက်ဧက(၂၆၆)ဧကအတွက် ချေးငွေစုစုပေါင်းငွေကျပ်(၃၉၉)သိန်းကို တောင်သူလက်ဝယ်အရောက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဦးမင်းသက်စံထံမှ သိရသည်။
ချိုမြတ်မြတ်ထွေး