ကျိုက်ထိုမြို့နယ်တွင် အခြေခံပညာအလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်‌သင်တန်းဖွင့်လှစ်

ကျိုက်ထို   မေ   ၁၈

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင်၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း  ဖွင့်ပွဲကိုမေလ ၁၈ ရက်  နံနက် ၉ နာရီတွင် ကျိုက်ထိုမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူး ဦးမောင်ညိုက သင်တန်းဖွင့်လှစ်ရသည့်  ရည်ရွယ်ချက်အား ပြောကြားပြီး ဒုတိယပညာရေးမှူး ဦးစိုးမိုးအေးက သင်တန်းဆိုင်ရာစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းနည်းပြများက တစ်ဦးချင်း မိတ်ဆက်စကားပြောကြားပြီး သင်ကြားရမည့် ဘာသာရပ်အား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် အလယ်တန်းအဆင့်အား နည်းပြ ၁၇ ဦးက သင်တန်းသား/သင်တန်းသူ(၆၉)ဦးအား မြန်မာစာ၊အင်္ဂလိပ်စာ၊ပထဝီ၊သမိုင်း၊သိပ္ပံ ဘာသာရပ်များကိုလည်း‌ ကောင်းမူလတန်းအဆင့်အားနည်းပြ ၁၀ ဦးက Kgမှ(Grade1,2,3,4 ) သင်ရိုးညွှန်းဘာသာရပ်များကိုလည်း‌ကောင်း မေလ ၁၈ ရက်နေ့ မှ မေလ ၂၀ ရက် နေ့ထိ      သင်ကြားဆွေးနွေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

ဝင်းမောင်