တာမွေ မေ ၁၈
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် ယနေ့မွန်းလွဲပိုင်းအချိန်က အဆိုပါ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကဗျာရေးစပ်နည်းသင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ သည်။
အခမ်းအနားတွင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဂီတစာဆို မျိုးနွယ်ဆွေ(စာရေးဆရာ မောင်နေသွင်)က သင်တန်း၌ ထူးချွန်ဆုရရှိခဲ့သည့် ကဗျာအရေးအသားများနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကဗျာရေးစပ် နည်းသင်တန်း၌ ထူးချွန်ဆု ရရှိခဲ့ကြသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်း၌ ထူးချွန်ဆုရရှိသူ သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က ဂီတစာဆို မျိုးနွယ်ဆွေ (စာရေးဆရာမောင်နေသွင်)အား ဂါရဝပြုအမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပြီး ဂီတစာဆို မျိုးနွယ်ဆွေ (စာရေးဆရာ မောင်နေသွင်)က သင်တန်းသား/သူများအား ၎င်းကိုယ်တိုင် ရေးသားသီဆိုထားသော တေးစီးရီးခွေများကို အမှတ်တရ လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် သင်တန်းသား/သူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး သင်တန်းသား/သူများသည် ခန်းမအတွင်း ပြသထားသော လူငယ်ရေးရာဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ် စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြသည်။
အဆိုပါ ကဗျာရေးစပ်နည်းသင်တန်းကို ၂၀၂၅ - ခုနှစ် မေလ(၁၂)ရက်နေ့မှ မေလ(၁၈)ရက်နေ့အထိ တစ်ပတ်ကြာ အခမဲ့ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ၊ လူငယ်လူရွယ်လေးများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်အားလပ်ချိန်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ မြန်မာစာပေ၊ မြန်မာကဗျာ တည်တံ့ခိုင်မြဲ တိုးတက်နိုင်စေရန်၊ စကားပြေ၊ ကဗျာများကို ဝေဖန်အကဲဖြတ်နိုင်စေရန်၊ မြန်မာစာအရေးအသား မှန်ကန် ကျွမ်းကျင်တတ်မြောက်စေရန်၊ မြန်မာစာ၊ မြန်မာစကား၊ မြန်မာဝေါဟာရများကို သိရှိနားလည်ပြီး မှန်ကန်ပိုင်နိုင်စွာ သုံးတတ်နိုင်စေရန်နှင့် မြန်မာ့ဓလေ့၊ မြန်မာ့အမွေ၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများကို အလေးထား ထိန်းသိမ်းမြှင့်တင်နိုင်စေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ဖွင့်လှစ်သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်