မိုင်းဖြတ် မေ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ဆရာ၊ ဆရာမများ၏ သင်ကြားရေး အရည်အသွေး ပိုမိုတိုးတက်ကောင်းမွန်လာစေရန်အတွက် ရည်ရွယ်၍ အလယ်တန်း၊ မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းကို ယနေ့ နံနက်၉နာရီက အ.ထ.က (မိုင်းဖြတ်)၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကြည်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းကိုပြီးမြောက်သည်အထိ တက်ရောက်နိုင်ရေး၊ သင်တန်းမှ ရရှိသည့် ဆွေးနွေးချက်များကို လက်တွေ့အသုံးချနိုင်ရေးနှင့် စပ်လျဥ်း၍ အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းကို ဆက်လက်ဆွေးနွေးပို့ချရာ နည်းပြဆရာများက မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ လူမှုရေးနှင့် အနုပညာ စသည့် ဘာသာရပ်များကို ဆွေးနွေးပို့ချသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းကို မေလ ၁၈ ရက်မှ ၂၀ ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသို့ အလယ်တန်းအဆင့်သင် ဆရာ၊ ဆရာမ (၂၃)ဦး၊ မူလတန်းအဆင့်သင် ဆရာ၊ ဆရာမ (၆၁)ဦး စုစုပေါင်း(၈၄)ဦး တက်ရောက်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)