မိုင်းပျဉ်းမြို့၌ ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြစို့ မြေစိုက်ပိုစတာများ စိုက်ထူ

မိုင်းပျဉ်း မေ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကျောင်းအပ်နှံရေးသီတင်း ပတ် “ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့နံနက် (၇) နာရီအချိန်က အ.ထ.ကကျောင်းရှေ့၊ မြို့မဈေးအရှေ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးရှေ့တို့၌ စိုက်ထူခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့် အဖွဲ့ဝင်များ၊  မြို့နယ်ပညာရေးမှူး ဒေါ်နန်းဟွမ်နွမ်းနှင့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့က ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။

မိုင်းပျဉ်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ကိုမေလ (၂၂) ရက်နေ့မှ ဇွန်လ (၁) ရက်နေ့အထိ (KG) အတန်းမှ (Grade-12) အထိ ကျောင်းအပ်လက်ခံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

နန်းသန္တာဦး(ပြန်ဆက်)