ဗိုလ်တထောင် မေ ၁၇
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ကျန်းမာရေးဗဟုသုတရရှိစေရန် ဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသခြင်းကို ယမန်နေ့ နေ့လယ် ၁ နရီခွဲက ဗိုလ်တထောင်မြို့နယ် ပညာရာမိကမဟာကျောင်းတိုက် ဓမ္မာရုံအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဗိုလ်တထောင်မြို့နယ် တိုင်းရင်းဆေးပညာဦးစီးဌာန မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးချမ်းမိုးက ဆီးချိုရောဂါနှင့် သွေးတိုးရောဂါအကြောင်း အသိပညာပေးဟောပြောခြင်း၊ ကျန်းမာရေးအတွက် အသက်အရွယ်အလိုက် ပြုလုပ်သင့်သည့် လေ့ကျင့်ခန်းများ၊ ရှောင်ရန်၊ ဆောင်ရန်များကို ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော ရဟန်းသံဃာများနှင့် ပြည်သူများအား သွေးပေါင်ချိန်တိုင်းပေးခြင်း၊ ဒူးနာခါးနာများ စမ်းသပ်စစ်ဆေးပေးခြင်း၊ သွေးတိုးဆီးချိုရောဂါများ စမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခြင်း ကုသပေးခြင်းနှင့် အကြံဉာဏ်များပေးခြင်း စသည့်လူနာများအား ာအခမဲ့ကုသပေးခဲ့ကြောင်း သတင်းရသည်။
ခင်ဝင်း(ပြန်/ဆက်)