အလုံ မေ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသဇင်ခိုင် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ သူနာပြုတက္ကသိုလ်မှ သင်တန်းသား၊ သင်တန်းသူများနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၌ ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ Dip EP အပတ်စဉ် (၁/၂၀၂၅) တက်ရောက်နေသော ဆရာ၊ ဆရာမများအား ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသဇင်ခိုင်က ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ်နှင့်ပတ်သက်၍ ကလေးများအား အထူးဂရုပြု စောင့်ရှောက်ရန် လိုအပ်ကြောင်းနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်း၊ မိခင်နှင့်ကလေးကျောင်းကျန်းမာရေး(အာဟာရ) ဒေါ်မိုးသီတာဦးမှ ကျောင်းကျန်းမာရေး စစ်ဆေးမှု မှတ်တမ်းကတ်ဖြည့်စွက်ပုံအား လက်တွေ့သင်ကြားခြင်း၊ ပြည်သူ့ကျန်းမာရေး ဆရာမကြီး ဒေါ်လှသိန်းယဉ်မှ ကူးစက်နိုင်သောရောဂါများ၊ ကြိုတင်ကာကွယ်ရေး နည်းလမ်း များနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား အသိပညာပေးဟောပြောပြီး ဆရာ၊ ဆရာမ(၅၇)ဦးတို့အား ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယောဧရာ