မဟာဂန္ဓာရုံဘုန်းတော်ကြီးကျောင်း၌ သူငယ်ချင်းများဆေးကုသရေးအဖွဲ့မှကွင်းဆင်းကုသ

အမရပူရ မေ ၁၇

အမရပူရခရိုင်၊ အမရပူရမြိူ့နယ်၊ ဆင်စွယ်ပွတ်ရပ်ကွက်၊ မဟာဂန္ဓာရုံဘုန်းတော်ကြီးကျောင်းရှိ ငွေကျားတိုက်စာသင်ဆောင်တွင် ယနေ့ နံနက် ၁၀ နာရီခွဲ အချိန်က Dr. ခိုင်မျိုးအောင် ဦးစီးသော သူငယ်ချင်းများ ဆေးကုသရေးအဖွဲ့မှ ကျောင်းဝန်းအတွင်းရှိ သံဃာများနှင့် ပြည်သူများအား ဆေးဝါးအခမဲ့ကုသပေးခဲ့သည်။

အဆိုပါဆေးကုသမှုအဖွဲ့မှ ဒေါက်တာ သုံးဦး၊သူနာပြု သုံးဦးနှင့်အကူနှစ်ယောက်တို့က ကျောင်းဝန်းအတွင်းရှိ ငလျင်ဘေးသင့် ပြည်သူများ၊ ပတ်ဝန်းကျင်မှပြည်သူများနှင့် သံဃာတော်များစုစုပေါင်း ၇၀ ဦးခန့်ကိုဆေးဝါးများကုသပေးခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့မှလိုအပ်သည်များ ပေါင်းစပ်ကူညီပေးခဲ့ကြောင်းသိရသည်။

စိုးသီဟ(အမရ)