ပုဇွန်တောင် မေ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှ မတ်လအထိ ပြုလုပ်ခဲ့သည့် အခြေခံပညာ KG မှ Grade-11 အထိ အခြေခံပညာစာမေးပွဲအောင်စာရင်းကို ယမန်နေ့ နံနက် ၇ နာရီအချိန်က သက်ဆိုင်ရာကျောင်းများ၌ ထုတ်ပြန်ကြေငြာထားကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်တွင် မူလတန်းကျောင်း(၉)ကျောင်း၊ အလယ်တန်း ကျောင်း(၃)ကျောင်းနှင့် အထက်တန်းကျောင်း(၄)ကျောင်း၊ စုစုပေါင်းကျောင်းပေါင်း (၁၆)ကျောင်းတို့၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အောင်စာရင်းများကို သက်ဆိုင်ရာကျောင်းများအသီးသီးတွင် မေ ၁၅ ရက် နံနက် ၇ နာရီက တစ်ပြိုင်နက်တည်း ကြော်ငြာသင်ပုန်းများတွင် ထုတ်ပြန်ကြေညာခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် အဖွဲ့ဝင်များ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်