ပင်လောင်းမြို့နယ် ဘက်စုံသုံးခန်းမ၌ ဆင့်ပွားမုန့်လုပ်သင်တန်းပြုလုပ်

ပင်လောင်း မေ ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်အသင်းတို့ ပူးပေါင်းဖွင့်လှစ်သော ဆင့်ပွားမုန့်လုပ်သင်တန်းကို ယနေ့နံနက်ပိုင်းက ဘက်စုံသုံးခန်းမ၌ ပြုလုပ်သည်။

သင်တန်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ခင်မြတ်မော်က သင်တန်းဖွင့်ရသည့် ရည်ရွယ်ချက်များနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနာယက ဒေါ်ခင်မြတ်မော်နှင့်ဥက္ကဌ ဒေါ်ဝင်းဝင်းမြတ်၊ အဖွဲ့ဝင် ဒေါ်ထားထားလွင်တို့က သင်တန်းအထောက်အကူပြုငွေနှင့် မုန့်လုပ်ပစ္စည်းများ ပေးအပ်ရာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်အသင်းဥက္ကဋ္ဌ ဒေါ်ဆောင်းရည်ထွန်းနှင့် အဖွဲ့ဝင်များက လက်ခံရယူပေးခဲ့သည်။

ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင် ဒေါ်ဆွေဆွေဝင်းနှင့် ဒေါ်ထားထားဦးတို့က သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့ကြောင်း၊ အဆိုပါမုန့်လုပ်သင်တန်းတွင် နံကထိုင်မုန့်၊ ရွှေကြည်မုန့်၊ ကွတ်ကီးမုန့်ပြုလုပ်နည်းများ သင်ကြားးပေးခဲ့ပြီး၊ သင်တန်းသား/သင်တန်သူ (၅၀) ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်