မိုးကောင်းမြို့ Community Centre ခန်းမ၌ အလယ်တန်းအဆင့် အခြေခံအင်္ဂလိပ်စာ Grammer သင်တန်းအခမဲ့ ဆက်လက်သင်ကြားလျက်ရှိ

မိုးကောင်း မေ ၁၆

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ အလယ်တန်းအဆင့် အခြေခံအင်္ဂလိပ်စာ Grammer သင်တန်းကို ဧပြီလ(၂၃)ရက်မှ မေလ(၂၃)ရက်နေ့ထိ အခမဲ့ဆက်လက်ပို့ချသင်ကြားလျက်ရှိကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာဉာဏစွမ်းရည် ပိုမိုတတ်မြောက်စေရန်ရည်ရွယ်၍ နွေရာသီတစ်လတာကာလ သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းကို နေ့လယ်(၁၁)နာရီမှ (၁၂)နာရီထိ သင်ကြားလျက်ရှိပြီး အလယ်တန်းအဆင့် ကျောင်းသား(၁၀)ဦး၊ ကျောင်းသူ(၂၅)ဦး စုစုပေါင်း(၃၅)ဦး တက်ရောက်သင်ယူလျှက်ရှိသည်။

သန်းလွင်ဦး(ပြန်/ဆက်)