လာမည့်ရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်မှုရှိစေရေး ပဉ္စမအကြိမ် မူကြမ်းများ စစ်ဆေး

အမရပူရ မေ ၁၆

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမရပူရမြို့နယ်ရုံးတွင် ယနေ့နံနက် ၁၀ နာရီအချိန်က လာမည့်ရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်မှု ရှိစေရေး ပဉ္စမအကြိမ်မူကြမ်းများကို စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပဉ္စမအကြိမ်မူကြမ်း အချက်အလက်များအား ခရိုင်လဝကဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးခိုင် ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီး ဦးနေလင်းအောင် မြို့နယ်ကော်မရှင် ဦးစီး မှူးဒေါ်နန်းအေးမိုးနှင့် မြို့နယ်လဝက ဦးစီး ဦးတင်ကိုကိုဝင်းတို့က ကွန်ပျူတာဝန်ထမ်းများနှင့်အတူ ပဉ္စမအကြိမ် မူကြမ်းအားပြည့်စုံမှန်ကန် အမှားကင်းစေရန်အတွက် အမရပူရမြို့နယ်မှ ငလျင်အတွင်း သေဆုံးသူများ ဖယ်ရှားနိုင်မှု အခြေအနေများ စစ်ဆေးခြင်းကိုပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း လဝကဦးစီးမှူး ဦးတင်ကိုကိုဝင်းထံမှ သိရသည်။

စိုးသီဟ(အမရ)