ပြင်ဦးလွင် မေ ၁၆
လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်စေရန် ရည်ရွယ်၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြောပွဲကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က မန္တလေးတိုင်း ဒေသကြီး၊ သားဖွားသင်တန်းကျောင်း(ပြင်ဦးလွင်)တွင် ကျင်းပရာ ရှေးဦးစွာ ပြင်ဦးလွင်မြို့နယ် ကုတင် (၃၀၀) ဆံ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာသင်းသင်းအိက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က စာပေဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် Women Club ဥက္ကဋ္ဌ ဒေါ်ကြူကြူက စာပေအသိပညာများ ဟောပြောခဲ့ပြီးနောက် မြန်မာစာပေယဥ်ကျေးမှုအသင်းဥက္ကဋ္ဌ စာရေးဆရာ ကိုရွှေအောင်သင်းက “အနာဂတ်တိုင်းပြည် လှပဖို့ ငါတို့ရှင်သန်စို့” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက်အဆိုပါဟောပြောချက်များနှင့်ပတ်သတ်၍ ကျောင်းသား/ ကျောင်းသူများအား မေးမြန်းခဲ့ရာ ကျောင်းသား/ကျောင်းသူများက မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် မြန်မာစာပေယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ စာရေးဆရာကိုရွှေအောင်သင်းက သားဖွားသင်တန်းကျောင်း (ပြင်ဦးလွင်) အတွက် စာအုပ်/စာစောင်များ ပေးအပ်လှူဒါန်းခဲ့သည်။ အဆိုပါ စာပေဟောပြောပွဲသို့ မြန်မာစာပေယဉ်ကျေးမှုအသင်းအဖွဲ့၀င်များ၊ သင်တန်းသူများ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သွေးသွေး(ခရိုင်ပြန်/ဆက်)