ကျောက်ပန်းတောင်း မေ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့် KG တန်းမှ Grade-11 အထိ ဖြေဆိုခဲ့ကြသည့် နှစ်ဆုံးစာမေးပွဲ အောင်စာရင်းများ ယနေ့ နံနက်(၆)နာရီက သက်ဆိုင်ရာကျောင်းအသီးသီးတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာအဆင့် ကျောင်းတွင်းစစ် စာမေးပွဲများဖြစ်သည့် KG မှ Grade-11 အထိ၊ အောင်စာရင်းများကို မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ကျောင်းအသီးသီးတွင် ထုတ်ပြန်ကြေညာပေးခဲ့ရာ၊ ကျောင်းသား/ ကျောင်းသူများနှင့် မိဘများ လာရောက်ကြည့်ရှုကြသည်။ ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်း (၂၈၃) ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၆)ကျောင်းနှင့် ကိုယ်ပိုင်းကျောင်း (၁၁)ကျောင်းတို့မှ KG တန်းမှ Grade-11 အထိ ကျောင်းသား/ကျောင်းသူအားလုံး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်းနှင့် ရာနှုန်းပြည့်အောင်မြင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နေအောင်(ပြန်/ဆက်)