တောင်ဥက္ကလာပမြို့နယ်တွင် KG တန်းမှ Grade-11 တန်းထိ ကျောင်းသား၊ ကျောင်းသူများ၏ အောင်စာရင်းများ ထုတ်ပြန်ကြေညာ

တောင်ဥက္ကလာပ မေ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်ရှိ အ‌‌ခြေခံပညာသင်ကျောင်းများ၏ KG တန်းမှ Grade-11 တန်းထိ ကျောင်းသား၊ ကျောင်းသူများ၏ အောင်စာရင်းကို ယနေ့နံနက်ပိုင်းအချိန်မှစတင်၍ ထုတ်ပြန်ကြေညာကြောင်း သိရသည်။

အောင်စာရင်းထုတ်ပြန်ရာတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ကျောင်းပေါင်း(၄၃)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၁၁)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၃)ကျောင်း၊ စုစုပေါင်းကျောင်းပေါင်း (၅၇)ကျောင်းတို့၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အောင်စာရင်းများကို သက်ဆိုင်ရာကျောင်းအသီးသီးတွင် ယမန်နေ့ နံနက် ၆ နာရီက တစ်ပြိုင်နက်တည်း‌ ကြော်ငြာသင်ပုန်းများတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)