မြစ်ကြီးနား မေ ၁၅
မြန်မာပြည်မြောက်ဖျားပိုင်း၊ ပူတာအိုခရိုင် စာရေးရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်မှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေး ပူတာအိုခရိုင်၊ ပူတာအိုမြို့သို့ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် (၈) နာရီက မချမ်းဘောမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးတာဝန်ခံ ပြည်နယ်သံယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စစ်ဗျူဟာအဖွဲ့၊ အခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးရဲဟိန်း၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပူတာအိုမြို့နယ်၊ ထဝါဒမ်းကျေးရွာအတွက် သောက်သုံးရေရရှိစေရေး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်ဘဏ္ဍာရန်ပုံငွေကျပ် ၅၂ ဒဿမ ၈ သန်းဖြင့် ကချင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးက တာဝန်ယူဆောင်ရွက်ပြီးစီးခဲ့သည့် ပေ ၄၀ အနက် ရေတွင်း (၃)တွင်း ဆောင်ရွက်ပြီးစီးအခြေအနေများနှင့်စပ်လျဉ်း၍ မြန်မာအေဂျီသာသနာအသင်းချုပ်၏ သာသနာပြုအထိမ်းအမှတ် ခြံဝင်းအတွင်းရှိရေတွင်းအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် မချမ်းဘောမြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံစေတီတော်သို့ သွားရောက်ခဲ့ကြပြီး စေတီတော်အား ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်၍ ဖူးမျှော်ကြည်ညိုခြင်း၊ မလိခမြစ်အတွင်း ဆုတောင်းပူဇော်ခြင်းနှင့် စေတီတော်ဘက်စုံပြုပြင်မွှမ်းမံနိုင်ရေးအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကြကာ စေတီတော်အား လက်ယာရစ်ပတ်ပူဇော်ခဲ့ကြပြီး စေတီတော် ပုရဝုဏ်အတွင်း ရှေးဟောင်းရုပ်စုံတော်ကြီးများ အမိုးအကာဖြင့် စနစ်တကျ ထိန်းသိမ်းထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ခန်ကျိုကျေးရွာသို့ သွားရောက်ခဲ့ကြပြီး ခရစ်တော်၏အသင်းတော်ဘုရားကျောင်းဝင်းအတွင်း ပြည်နယ်အစိုးရအဖွဲ့၏ အထွေထွေ ပိုလျှံရန်ပုံ ငွေကျပ် (၇၄ ဒဿမ ၁၁၄ )သန်းဖြင့် ဆောင်ရွက်ပေးခဲ့သည့် ဘုရားကျောင်းသွား လှေကားထစ်ပြုလုပ်ခြင်း၊ Box Culvert (၁)စင်း တိုးချဲ့ပြုပြင်ခြင်း၊ သဲကျောက်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြကာ ဘုရားကျောင်း တာဝန်ရှိသူများနှင့် ဘုရားကျောင်းသွား လမ်းအသစ်နေရာ၌ လှေကားအသစ် ထပ်မံပြုလုပ်ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ဘုရားကျောင်း၌ ဒေသခံများနှင့်တွေ့ဆုံပြီး လီဆူရိုးရာဝတ်စုံဖြင့် ဂါဝရပြုဝတ်ဆင်ပေးအပ်မှုကို လက်ခံကာ ဒေသခံများအား အားပေးအမှာစကားပြောကြားခဲ့ပြီး ဘုရားကျောင်းဝင်းနှင့် ကပ်လျက် တည်ထားကိုးကွယ်ထားသည့် ရှေးဟောင်းအမွေအနှစ် သမိုင်းဝင် ရွှေဥုဒေါင်းမင်း စေတီတော်အား ကြည်ညိုခဲ့ကြကာ လီဆူတိုင်းရင်းသား ရိုးရာအကအလှဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နမ်ခမ်းကျေးရွာသို့ရောက်ရှိပြီး နိုင်ငံ့စီးပွားမြင့် တင်ရေးရန်ပုံငွေကျပ် (၁၀)သိန်း မတည်ပေးမှုကြောင့် ငါးကန်(၂)ကန်ဖြင့် ငါးမွေး မြူရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် တောင်သူ ဦးဒေါင်ကင်မွန်ပိုင် ခြံသို့သွားရောက်ကြရာ ရဝမ်တိုင်းရင်းသား လူငယ်များက ရိုးရာတေးသီချင်းသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင် ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြကာ ချီးမြှင့်ငွေများအား ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ငါးကန်အတွင်း တီလားဗီးယားနှင့် ငါးခုံးမငါးများ မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် အဆိုပါကျေးရွာအတွင်း နမ်ခမ်းချောင်းဘေး၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံ ငွေများဖြင့် ကျေးရွာပိုင်အစုအဖွဲ့ဖြင့် မွေးမြူဆောင်ရွက်လျက်ရှိသည့် ငါးကန်များနှင့် ချောင်းရိုး တစ်လျှောက် တရားမဝင်ရွှေတူးဖော်မှုမရှိစေရေး တားမြစ်ချက် သတိပေးဆောင်ရွက်ထားရှိမှုနှင့် ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် အင်ဘူးဘော့ကျေးရွာသို့ရောက်ရှိပြီး မလိခမြစ်ဘေးရှိ ဥယာဉ်ခြံစိုက်တောင်သူ များအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မတည်ပေးထားသည့်အပြင် စိုက်ပျိုးရေလုံ လောက်ဖူလုံစွာရရှိရေး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေကျပ် (၂၉ ဒဿမ ၅)သန်းဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သော ဥယျာဉ်ခြံသောက်သုံးရေနှင့် စိုက်ပျိုးရေ ဂါလံ (၁၀၀၀)ဆံ့ ရေသိုလှောင်ကန် (၃) ကန် တည်ဆောက်ခြင်းနှင့် ရေပိုက်သွယ်တန်းပေးခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား ခြံစိုက်တောင်သူ ဦးဒီယိုဆဲ၏ ခြံ၌ ဂရိတ်ဖုသီး၊ ဘုရင်သီးနှင့် ဖူးစားပြောင်းပင်များ စိုက်ပျိုးထားရှိမှု၊ ဒေသကြက်များ မွေးမြူထားရှိမှုများကိုလည်းကောင်း၊ ပိုင်ရှင်ဦးကရိုးလရိန်၏ခြံ၌ ဂရိတ်ဖုသီး၊ ဘရဂရ်သီးပင်များ ကိုင်းကူးစိုက်ပျိုးထားရှိမှုနှင့် ဒေသ ကြက်များ မွေးမြူထားရှိမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တောင်သူများအတွက် မွေးမြူရေးအထောက်အကူပြု ဆေးဝါးများကို ထောက်ပံ့ပေးအပ်ခဲ့ကြကာ ဥယျာဉ်ခြံသွားလမ်းပေါ် အဆင့်တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရေး၊ ရေကျော်တံတားများ တည်ဆောက်ပေးနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင ့်အဖွဲ့ဝင်များသည် ပူတာအိုမြို့နယ် ဇီးအွန်ကျေးရွာပိုင် မိုးစပါးနှင့် ဆောင်းသီးထပ် စိုက်ပျိုးသည့်လယ်များသို့ သွားရာကုန်ထုတ်လမ်းပေါ်ရှိ မူလာချောင်း ကူးကြိုးတံတားအဟောင်းအား ပြုပြင်တည်ဆောက်ပေးနိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ် ဆေးခဲ့ကြပြီး ကျေးရွာတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ကျေးရွာခန်းမ၌ ဒေသခံတောင်သူများ၊ ရွာသူရွာသားများနှင့်တွေ့ဆုံပွဲကျင်းပပြီး ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုခရိုင်အနေဖြင့် ဆန်ဖူလုံမှုရှိဖြစ်သော်လည်း စားဆီဖူလုံမှုရှိစေ ရေးအတွက် ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျေးရွာပိုင် မိုးစပါးစိုက်ဧကများတွင် ယခင်နှစ်ကစတင်၍ လယ်သီးထပ်ဆီထွက်သီးနှံ ဆီမုန်းမုန်ညင်းစိုက်ပျိုးအောင်မြင်ခဲ့သဖြင့် ယနေ့ တောင်သူများအတွက် မူလာချောင်းကူးကြိုးတံတား ပြုပြင်နိုင်ရေးနှင့် ဆီမုန်မုန်ညင်းစိုက်ပျိုးမည့် တောင်သူများ၏ လယ်ဧရိယာအားလုံးအတွက် ခြံစည်းရိုးခတ်နိုင်ရေး ကုန်ကျစရိတ်များကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပါကြောင်း သို့ဖြစ်ပါ၍ စားဆီဖူလုံမှုရှိစေရေးအားလုံးက ဝိုင်းဝန်း ကြိးစားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လယ်သီးထပ်ဆီထွက်သီးနှံ စိုက်ပျိုးမည့် တောင်သူများ၏ လယ် ၄၀၇ ဧကအတွက် ဝါးခြံစည်းရိုးကာရံနိုင်ရေး ထောက်ပံ့ငွေကျပ် (၁၁၃)သိန်းကျော်နှင့် မူလာချောင်းကူးကြိုးတံတားအား ပြုပြင်တည်ဆောက်နိုင်ရေးအတွက် ငွေကျပ်သိန်း (၁၀၀)ကို လည်းကောင်း၊ မုန်မုန်ညင်းမျိုးစေ့အိတ်များနှင့် ဟင်းသီးဟင်းရွက် မျိုးစေ့များကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြရာ ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင် စကားနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကိုတင်ပြရာ ပြည်နယ် ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပူတာအိုမြို့သို့ ပြန်လည်ရောက်ရှိပြီး ဒုတ္ထန်ရပ်ကွက်အတွင်းရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် သားဖွားခန်းသို့သွားရောက်ကာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နယယကနှင့်အတူ သားဖွားခန်းအား ပုံမှန်လည်ပတ်ဖွင့်လှစ်နိုင်ရေးအတွက် အဆောက်အဦဥပဓိရုပ်ကောင်းမွန်ရေးနှင့် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)