ကလော မေ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အသိပညာပေးလှုပ်ရှားမှုအဖြစ် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ပါဝင်သည့် မြေစိုက်ပိုစတာကို ယနေ့မွန်းလွဲ ၂ နာရီက ကလောမြို့၊ မြို့နယ်ပညာရေးမှူးရုံးရှေ့၌ စိုက်ထူခဲ့ကြကြောင်း သိရသည်။
အဆိုပါ မြေစိုက်ပိုစတာအား ကလောမြို့နယ်ပညာရေးမှူး ကြီးကြပ်မှုဖြင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်နိုင်နှင့် ဦးကိုကိုမောင်တို့ဦးဆောင်၍ မြို့နယ်ပညာရေးမှူးရုံးမှ ဝန်ထမ်းများ တက်ရောက်ဖွင့်လှစ်ခဲ့ကြပြီး “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှုများကို မေလ ၂၂ ရက်နေ့မှစတင်ကာ ဇွန်လ ၁ ရက်နေ့အထိ သတ်မှတ်ထားကြောင်းနှင့် ဇွန်လ (၂)ရက်နေ့မှစ၍ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများအားလုံးတွင် ကျောင်းသား၊ ကျောင်းသူများအား ဇွန်လ(၃၀)ရက်နေ့အထိ ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်း ကလောမြို့နယ်ပညာရေးမှူးထံမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)