မူဆယ်မြို့၌ သတင်းရေးသားနည်းသင်တန်းဖွင့်လှစ်

မူဆယ် မေ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ဝန်ထမ်းများတစ်ဦးချင်း စွမ်းဆောင်ရည်မြင့်မားစေရေးနှင့် သတင်းမီဒီယာ ကျင့်ဝတ်နှင့်အညီ သတင်းကောင်းတစ်ပုဒ်ကို ကောင်းမွန်စွာရေးသားနိုင်ရန်ရည်ရွယ်၍ သတင်းရေးသားနည်းသင်တန်းကို ယနေ့နံနက် (၉) နာရီအချိန်က မူဆယ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း၌ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး သင်ကြားပို့ချမည့် သင်ခန်းစာများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က သတင်းရေးသားရာတွင် သတင်းမှန်ကန်ရေး၊ မြန်ဆန်ရေးနှင့် ထိရောက်မှုရှိရေး၊ သတင်းဝေါဟာရ ရှင်းလင်းချက်၊ သတင်းအခြေခံဖွဲ့စည်းတည်ဆောက်ပုံ၊ သတင်းရေးသားရာတွင် လိုက်နာရမည့် အချက်များကို အသေးစိတ်ရှင်းလင်းသင်ကြားပေးခဲ့သည်။

အဆိုပါ သင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း(၁၀)ဦး တက်ရောက်ခဲ့ကြပြီး မေလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်ပို့ချ သင် ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)