နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပျဉ်းမနားမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော် မတ် ၁၅

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်ဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုးသည် ပျဉ်းမနားမြို့၊ အဝေရာတံတား ချဥ်းကပ်လမ်း ပြုပြင်တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး အဝေရာဆည်သို့ရောက်ရှိရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ယာမြောင်းမကြီးမှ ရေများ လက်တံမြောင်းများတစ်လျှောက်စီးဝင်လာမှု၊ စိုက်ခင်းများသို့ ရေရောက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ဆည်ရေသောက်လယ်များသို့ အချိန်တိုအတွင်း ရေပေးဝေနိုင်ရေးဆောင်ရွက်ရန်၊ ဆည်ရေများကို ရေသွယ်မြောင်းများတူးဖော်၍ ရေပေးသွင်းနိုင်ရေး၊ ရေကြီးရေလျှံမှုများမဖြစ်ပေါ်စေရေး စီမံဆောင်ရွက်ရန်နှင့် စိုက်ပျိုးရေများ အချိန်မီရရှိအသုံးပြုနိုင်ရေး ဆောင်ရွက်သွားရန်နှင့် တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုးသည် နှမ်းတောကျေးရွာ၊ ညောင်ပင်သာကျေးရွာနှင့် ဇီးဖြူပင်ကျေးရွာများရှိ တောင်သူများနှင့်တွေ့ဆုံပြီး စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံဖြစ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းဟူသော မျိုးကောင်းမျိုးသန့်ရရှိအောင်ဆောင်ရွက်ရန်၊ မြေကို စနစ်တကျပြုပြင်ဆောင်ရွက်ရန်၊ အောင်ရေရရှိရန်၊ စိုက်နည်းစနစ်များမှန်ကန်ရန် အဓိကကျကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိစေရေး ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ သီးထပ်စွမ်းအားများ ကောင်းမွန်စေရေးအတွက်လည်း  လိုအပ်သည့်သွင်းအားစုများရရှိအောင် ဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း ပြောကြားကာ တောင်သူများအား ပိုက်ဆံလျှော်မျိုးစေ့များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးသီဟ (ပြန်/ဆက်)