စဉ့်ကိုင်မြို့နယ်အတွင်း၌ (ဒုတိယအကြိမ်မြောက်) ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (Ora Vacs) ကာကွယ် ဆေးများ တိုက်ကျွေး

စဉ့်ကိုင် မေ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများသည် မေလ ၁၅ ရက်နေ့ နံနက် (၉) နာရီအချိန်က မြို့နယ်မိခင်က‌လေး ကျန်းမာရေး ဌာန၌ စဉ့်ကိုင်မြို့‌ပေါ် (၅) ရပ်ကွက်အတွင်းရှိ အသက် (၂) နှစ်မှ (၆) နှစ်ထိ ကလေးငယ်များအား  ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (Ora Vacs) ကြိုတင်ကာကွယ်နိုင်ရေး (ဒုတိယအကြိမ်မြောက်) ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ ‌လုပ်‌ဆောင်ခဲ့ကြသည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမားရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ် (၅) ရပ်ကွက်ရှိ အသက် (၂) နှစ်မှ (၆) နှစ်ထိ ကလေးငယ် (၅၀) ဦးအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (Ora Vacs) ကာကွယ်ဆေး (ဒုတိယအကြိမ်မြောက်) တိုက်ကျွေးထိုးနှံပေးခဲ့ကြောင်း၊ ကျန်ရှိသည့် ကလေးငယ်များကိုလည်း ဆက်လက်တိုက်ကျွေး‌သွားမည်ဖြစ်ကြောင်း မြို့နယ်မိခင်ကလေးကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ကျော်စွာ (စဉ့်ကိုင်) (၃၉၉)