အမှတ်စဥ် (၁၃)ပြည်သူစစ်မှုထမ်းမည့်သူများအား UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

အမရပူရ မေ ၁၅

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ဦးစီးမှူးရုံးသည်  အမရပူရမြို့နယ်မှ အမှတ်စဥ် (၁၃) ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ရောက်မည့် သင်တန်းသားများအား စုရပ်ဖြစ်သော မန္တလေးတောင်ခြေ အမှတ်(၉၅) ခြေမြန်တပ်ရင်း၌ ယမန်နေ့ နံနက် ၁၀ နာရီက နံပါတ်ဆယ်လုံးပါ UID ကတ်များကို ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ နံပါတ်ဆယ်လုံးပါ UID ကတ် ၅၂  ခုတို့ကို  အမရပူရမြို့နယ် လဝကအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်လဝကဦးစီးမှူးဦးတင်ကိုကိုဝင်းထံမှ သိရသည်။

စိုးသီဟ (အမရ)