ကွမ်းခြံကုန်း မေ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် အမျိုးသမီးရေးရာအဖွဲ့၊ စာပေဝါသနာရှင်များနှင့် ပူးပေါင်း၍ စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသော ဘဝပန်းတိုင်စာအုပ်ဖြင့် ယနေ့နံနက်ပိုင်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး၊ မပိုးအိခိုင်က ရည်မှန်းချက်ရဲ့စံခေါင်းစဉ်မှ ကိုယ့်ဝါသနာ၊ ကိုယ့်ဓာတ်ခံစရိုက်နဲ့ညီစွာပဲ ရည်မှန်းချက်ကို ရွေးချယ်ချမှတ်တာ ကောင်းပါတယ် ရည်မှန်းချက်အတွက် စံ(၇)ချက်ကို သိသင့်တယ်အကြောင်းအရာအားလည်းကောင်း၊ မယမင်းသူက ဘဝပန်းတိုင်ခေါင်းစဉ်မှ ဘဝပန်းတိုင်ရှိသူအတွက် ချွေးထွက်နေရင်းသီချင်းတအေးအေးနှင့် လျှောက်လှမ်းနိုင်လိမ့်မည် အကြောင်းအရာအားလည်ကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာသူများက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)