မဟာအောင်မြေ မေ ၁၅
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအဆင့်(ကျောင်းတွင်းစစ်)စာမေးပွဲဖြေဆိုထားသည့် KG မှ Grade-11 ထိကျောင်းသား၊ ကျောင်းသူများ၏ အောင်စာရင်းများကို ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအဆင့် (ကျောင်းတွင်းစစ်)စာမေးပွဲဖြေဆိုထားသည့် KG မှ Grade 11 ထိကျောင်းသား၊ ကျောင်းသူများ၏ အောင်စာရင်းများကို မဟာအောင်မြေမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများတွင် ထုတ်ပြန်ကြေညာခဲ့ရာ ကျောင်းသား၊ကျောင်းသူများနှင့် ကျောင်းသားမိဘများမှ လာရောက်ကြည့်ရှုခဲ့ကြသည်။
မဟာအောင်မြေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်းရှိ KG မှ Grade-11 ထိ ကျောင်းသား ၊ကျောင်းသူစုစုပေါင်း(၃၁၇၈၆)ဦး ဖြေဆိုခဲ့ရာ ရာနှုန်းပြည့်အောင်မြင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အောင်ဇော်မင်း