စမ်းချောင်း မေ ၁၅
ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင် စမ်းချောင်းမြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန့်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန မှ ၀န်ထမ်းများက ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် e ID အ.ထ.စမှ ထုတ်ယူရရှိသည့် ကိုင်ဆောင်လက်မှတ်မရှိသူများအား စမ်းချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက် (၁၂) ရပ်ကွက်သို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် အခြေပြု၍ အိမ်အရောက်ကွင်းဆင်းစီစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖြူသွယ်ထွန်း (ပြန်/ဆက်)