တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၀)ရပ်ကွက်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ကွင်းဆင်းဆောင်ရွက်

တောင်ဥက္ကလာပ မေ ၁၅

တောင်ဥက္ကလာပမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့၀င်များက အမှတ်(၁၀)ရပ်ကွက်သို့ ကွင်းဆင်း၍ ဆောင်ရွက်ခဲ့သည်။

တိုသို့ ဆောင်ရွက်ရာတွင် အမှတ်(၁၀)ရပ်ကွက် ဇေယျာ ၁၄လမ်း၊ ၁၅လမ်း၊ ၁၆ လမ်း၊ ၁၇လမ်း၊ ၁၈ လမ်း၊ ၁၉ လမ်းများရှိ နေအိမ်များတွင် ခြင်ကြောင့် ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါများ ကာကွယ်နိုင်​ရေး၊ ပိုး‌လောက်လန်းပေါက်ပွားမှုမှ ကာကွယ်နိုင်ရေး၊ ရေတင်ကျန်နိုင်သော ဘူးခွက်များ၊ ရေပုံး၊ ရေအိုးများ၊ ဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ပြီး ရေတိုင်ကီနှင့် ကျောက်စည်ပိုင်း၊ ရေအုတ်ကန်များအတွင်း အဘိတ်(abate)ဆေးခပ်ခြင်း၊ ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်း‌ရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါသွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် သူနာပြုတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများသည် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကြက်ခြေနီအသင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်ပရဟိတအဖွဲ့တို့နှင့် ပူးပေါင်း၍ ဆောင်ရွက်ပေခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)