မိုင်းဖြတ်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် စာ​မေးပွဲ​အောင်စာရင်းများ ထုတ်ပြန်​ကြေညာ

မိုင်းဖြတ် မေ ၁၅

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် စာ​မေးပွဲ​အောင်စာရင်းများ ထုတ်ပြန်​ကြေညာခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ အ​ခြေခံပညာ​ကျောင်းများ၌ အသီးသီးထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ထို့သို့ စာ​မေးပွဲ​အောင်စာရင်းများ ထုတ်ပြန်​ကြေညာရာတွင် ​ကျောင်းသား၊ ​ကျောင်းသူများ၊ မိဘနှင့် အုပ်ထိန်းသူများက စိတ်ဝင်တစား လာ​ရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ မြို့နယ်အတွင်းရှိ အထက်တန်း​ကျောင်း ၂ ကျောင်း၊ အလယ်တန်း​ကျောင်း ၁ ​ကျောင်း၊  အလယ်တန်း​ကျောင်း(ခွဲ) ၃ ​ကျောင်း၊ မူလတန်းလွန်​ကျောင်း ၉ ကျောင်း၊ မူလတန်း​ကျောင်း (၆၉)​ကျောင်း၊ စုစု​ပေါင်း (၈၄)​ကျောင်းတွင် နှစ်ဆုံးစာ​မေးပွဲကို အတန်းအလိုက် ဝင်​ရောက်​ဖြေဆိုသူ ​ကျောင်းသား၊ ​ကျောင်းသူ (၄၄၇၆)ဦး ဝင်​ရောက်ဖြေဆိုလျက်ရှိရာ (၄၄၆၂)ဦး ဖြေဆို​အောင်မြင်ခဲ့ကြောင်း သိရသည်။

သန်းထွန်း​အေး(ပြန်/ဆက်)