ချမ်းမြသာစည်မြို့နယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်(ကျောင်းတွင်းစစ်)စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေငြာ

ချမ်းမြသာစည် မေ ၁၅

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း စာမေးပွဲဖြေဆိုထားသည့် KG မှ Grade-11 ထိ ကျောင်းသားများ၏ အောင်စာရင်းများကို ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ကြေငြာခဲ့ကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအဆင့် စာမေးပွဲဖြေဆိုထားသည့် KG မှ Grade-11 ထိ ကျောင်းသားများ၏ အောင်စာရင်းထုတ်ပြန်ချက်များကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ထုတ်ပြန်ကြေငြာခဲ့ရာ ကျောင်းသား၊ကျောင်းသူများနှင့် ကျောင်းသားမိဘများမှ လာရောက်ကြည့်ရှုခဲ့ကြသည်။

ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ KG နှင့် Grade- 11 ထိ ကျောင်းသား စုစုပေါင်း (၄၄၁၆၁) ဦး ဖြေဆိုခဲ့ရာ ရာနှုန်းပြည့် အောင်မြင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူး ရုံးရှိ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 ချမ်းမြေ့ (ပြန်/ဆက်)