ကျောက်ဆည် မေ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးဒီပလိုမာ (စာပေးစာယူ) ပထမနှစ်သင်တန်း အမှတ်စဉ် (၂) စာမေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာမေးပွဲတွင် ကျောက်ဆည်၊စဉ့်ကိုင်၊မြစ်သားမြို့နယ်များမှ ဆရာ၊ဆရာမများ ဝင်ရောက်ဖြေဆို ခဲ့ပြီး မြန်မာစာဘာသာရပ်တွင် ဖြေဆို(၂၀) ဦး၊ အင်္ဂလိပ်စာဘာသာရပ်တွင် (၂၆) ဦး၊ သင်္ချာဘာသာရပ် တွင် (၂၆) ဦး၊ ဓာတုဗေဒဘာသာရပ်တွင် (၁၁) ဦး၊ ရူပဗေဒဘာသာရပ်တွင် (၁၇)ဦး၊ဇီဝဗေဒဘာသာရပ် တွင် (၁၄) ဦး၊ ပထဝီဝင် ဘာသာရပ်တွင် (၁၃)ဦး၊ သမိုင်းဘာသာရပ်တွင် (၅)ဦး၊ ဘောဂဗေဒဘာသာရပ် တွင် (၃) ဦး စုစုပေါင်း(၁၃၅)ဦး ဖြေဆိုခဲ့ကြောင်း သိရသည်။
သက်မောင်( ကျောက်ဆည်)