မဟာအောင်မြေ မေ ၁၅
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ (၁၈) ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ယနေ့နံနက်ပိုင်းက မန္တလေး မြေငလျင်ကြီးကြောင့် ဘေးသင့် ခဲ့သည့် ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်နှင့်တာဝန်ရှိသူများက ထောက်ပံ့ငွေပေးအပ်လျက်ရှိသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ သွားရောက်၍ ငလျင်ဘေးသင့်ပြည်သူများကို အားပေးစကားများ ပြောကြားခဲ့သည်။
မဟာအောင်မြေမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူ စုစုပေါင်း ၅၇၄၈ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၅၂၉၆၁.၃၈/နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် ၃၀၄၄၂၂၀၀ဝိ/အား ပြည်သူများ လက်ဝယ်အရောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်နှင့်အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စနစ်တကျ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း