တိုက်ကြီး မေ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ကြက်ဥဘဲဥအရောင်းဆိုင်များနှင့် အိမ်ဆောက်ပစ္စည်းအရာင်းဆိုင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို မေ ၁၂ ရက်နေ့ နံနက် ၈ နာရီက မြေပြင်ကွင်းဆင်းစစ်ဆေးကြပ်မတ်ရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်ကျော်စိုး ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ တိုက်ကြီးမြို့မဈေးအတွင်းရှိ ကြက်ဥ ဘဲဥအရောင်းဆိုင်များ၊ ဆန်အရောင်းဆိုင်များနှင့် မြို့ပေါ်ရပ်ကွက်အတွင်းရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း၊ ရောင်းချမှုမရှိဘဲ ကြာရှည်သိုလှောင်ထားခြင်း၊ ရှားပါးအောင်ထား၍ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းတို့ မပြုလုပ်စေရေးအသိညာပေးပြောကြားပြီး သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းနှင့်အညီ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်