ကျောက်ဆည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် နှစ်ဆုံးစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ

ကျောက်ဆည် မေ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံ ပညာကျောင်းများ၌ နှစ်ဆုံးစာမေးပွဲအောင်စာရင်းများအား သက်ဆိုင်ရာအခြေခံပညာကျောင်းအသီးသီးတွင် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် KG တန်းတွင် ကျောင်းသား (၂၅၀၃) ဦး၊ ကျောင်းသူ (၂၄၃၆) ဦး၊ စုစုပေါင်း (၄၉၃၉) ဦး၊ Grade-1တန်းတွင် ကျောင်းသား (၂၈၉၇) ဦး၊ ကျောင်းသူ (၂၈၂၀) ဦး၊ စုစုပေါင်း (၅၇၁၇) ဦး၊ Grade-2တန်းတွင် ကျောင်းသား (၃၂၄၃) ဦး၊ ကျောင်းသူ (၃၀၉၉) ဦး၊ စုစုပေါင်း (၆၃၄၂) ဦး၊ Grade-3 တန်းတွင် ကျောင်းသား (၃၇၁၄) ဦး၊ ကျောင်းသူ (၃၅၆၁) ဦး၊ စုစုပေါင်း (၇၂၇၅) ဦး၊ Grade-4 တန်းတွင် ကျောင်းသား (၃၀၈၀) ဦး၊ ကျောင်းသူ (၃၀၅၄) ဦး၊ စုစုပေါင်း (၆၁၃၄) ဦး၊ Grade-5 တန်းတွင် ကျောင်းသား (၂၀၅၀) ဦး၊ ကျောင်းသူ (၂၀၈၉) ဦး၊ စုစုပေါင်း (၄၁၃၉) ဦး၊ Grade-6 တန်းတွင် ကျောင်းသား (၁၈၄၈) ဦး၊ ကျောင်းသူ (၁၈၆၈) ဦး၊ စုစုပေါင်း (၃၇၁၆) ဦး၊ Grade-7 တန်းတွင် ကျောင်းသား (၁၄၁၆) ဦး၊ ကျောင်းသူ (၁၅၀၆) ဦး၊ စုစုပေါင်း (၂၉၂၂) ဦး၊ Grade-8 တန်းတွင် ကျောင်းသား (၅၃၉) ဦး၊ ကျောင်းသူ (၅၄၄) ဦး၊ စုစုပေါင်း (၁၀၈၃) ဦး၊ Grade-9တန်းတွင် ကျောင်းသား (၁၀၅၂) ဦး၊ ကျောင်းသူ (၁၂၈၇) ဦး၊ စုစုပေါင်း (၂၃၃၉) ဦး၊ Grade-10 တန်းတွင် ကျောင်းသား (၈၄၇) ဦး၊ ကျောင်းသူ (၁၁၅၀) ဦး၊ စုစုပေါင်း (၁၉၉၇) ဦး၊ Grade-11 တန်းတွင် ကျောင်းသား (၆၂၀) ဦး၊ ကျောင်းသူ (၉၀၈) ဦး၊ စုစုပေါင်း (၁၅၂၈) ဦး အောင်မြင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောက်ဆည်မြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်း (၁၃၀) ကျောင်း၊ အခြေခံပညာမူလတန်း(လွန်) ကျောင်း (၂၅) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) (၉) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၂) ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) (၉) ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း (၁၁) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁၉) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၇) ကျောင်းရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)