ဒဂုံတောင် မေ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၆၃ ရပ်ကွက်၊ လှိုင်မြစ်လမ်းနှင့် ပြည်ထောင်စုလမ်းထောင့်ရှိ စက္ကူစက်ရုံ အကျယ်အဝန်း (၄၀x၆၀) ပေ၊ အုတ်ညှပ်တစ်ထပ်၏ သွပ်မိုး၊ သံဇကာကာ မြေစိုက်အဆောက်အဦ နောက်အဖီတွင် မေ ၁၃ ရက်နေ့ ည ၉ နာရီ ၂၂ မိနစ်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၆၃ ရပ်ကွက်၊ လှိုင်မြစ်လမ်းနှင့် ပြည်ထောင်စုလမ်းထောင့်ရှိ စက္ကူစက်ရုံ အကျယ်အဝန်း (၄၀x၆၀) ပေ၊ အုတ်ညှပ်တစ်ထပ်၏ သွပ်မိုး၊ သံဇကာကာမြေစိုက်ရှိ သွပ်မိုး၊ သံဇကာကာ၊မြေစိုက် နောက်ဖေးအဖီ (၁၀x၄၀) ပေတွင် ထွန်းထားသော ဖယောင်းတိုင်မီးကျန်ခဲ့ရာမှ မီးလောင်မှုဖြစ်ပွားရာ ကနဦးအနေဖြင့် အနီးရှိ ရပ်ကွက်နေပြည်သူများက 3 Kg မီးသတ်ဆေးဘူး (၃) ဘူးဖြင့် ဝိုင်းဝန်းငြိမ်းသတ်ကြကြောင်းနှင့် မီးလောင်ရာနေရာသို့ ဒဂုံမြို့သစ်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုကြီး၏ ကွတ်ကဲမှုဖြင့် သန္ဓေတပ်ဖွဲ့ဝင် (၃၈) ဦး၊ အရန်တပ်ဖွဲ့ဝင် (၂၀) ဦး၊ စုစုပေါင်း (၅၈) ဦးတို့က မီးငြှိမ်းသတ်ယာဉ်(၆)စီး၊ ရေသယ်ယာဉ် (၈)စီး၊ ကွတ်ကဲမှုယာဉ် (၁) စီးတို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ရာ ည ၉နာရီ ၃၃ မိနစ်တွင် မီးထိန်းနိုင်ပြီး ၉ နာရီ ၃၆ မိနစ်တွင် မီးငြိမ်းသွားကြောင်း သတင်းရရှိသည်။
မီးလောင်မှုကြောင့် အဆောက်အဦးနှင့် အတွင်းပစ္စည်းဆုံးရှုံးမှုတန်ဖိုး ကျပ်တစ်ဆယ့်ငါးသိန်းရှိပြီး လူနှင့်တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ပိုင်ရှင်အား အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။
သန်းသန်းအေး