တပ်ကုန်း မေ ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း မန္တလေးငလျင်ဘေးကြောင့် လူနေအိမ်ထိခိုက်ပျက်စီးခဲ့သည့် အိမ်ထောင်စုဝင်များအား ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ (၂)ရပ်ကွက်၊ ပြည်လမ်းတွင် ရုံးခန်းဖွင့်လှစ်ထားရှိသည့် ဆွစ်ဇာလန်နိုင်ငံအခြေစိုက် HELVETAS Myanmar ကုမ္ပဏီမှ ယမန်နေ့မွန်းလွဲပိုင်းက လာရောက် ထောက်ပံ့ခဲ့သည်။
အဆိုပါထောက်ပံ့ရာတွင် HELVETAS Myanmar ကုမ္ပဏီမှ တာဝန်ရှိသူများက အဖွဲ့ ၂ ဖွဲ့ခွဲ၍ ငဘျင်ဘေးသင့်အိမ်ထောင်စု တစ်စုလျှင် ၃၆၀,၀၀၀ ကျပ်နှုန်းဖြင့် အောင်ဇေယျရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ငလျင်ဘေးသင့်အိမ်ထောင်စု ၄၆ စုတို့အားလည်းကောင်း၊ အောင်ဇေယျရပ်ကွက်ရှိ မြို့လယ်သာသနာ့ဝေပုလ္လဘုန်းတော်ကြီးကျောင်းတိုက် ဓမ္မာရုံ၌ ဘုရင့်နောင်ရပ်ကွက်၊ ငလျင်ဘေးသင့်အိမ်ထောင်စု ၈၂ စုတို့အားလည်းကောင်း၊ ဆရာစံရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆရာစံရပ်ကွက်၊ ငလျင်ဘေးသင့်အိမ်ထောင်စု ၄၇ စု၊ စုစုပေါင်း အိမ်ထောင်စု ၁၇၅ စုအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ငွေကျပ် ၆၃,၀၀၀,၀၀၀ ကျပ်အား အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်