ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ကျောင်းအပ်နှံကြပါစို့ မြေစိုက် ပိုစတာစိုက်ထူပွဲကျင်းပ

ညောင်ဦး မေ ၁၅

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးရက်သတင်းပတ် ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ မြေစိုက်ပိုစတာ စိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲအချိန်က ညောင်ဦး-ကျောက်ပန်းတောင်းကား လမ်းမကြီးဘေးတွင် စိုက်ထူပွဲကျင်းပခဲ့ကြောင်း သိရသည်။

ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့  ကျောင်းအပ်နှံကြပါစို့ မြေစိုက်ပိုစတာအား ညောင်ဦး-ကျောက်ပန်းတောင်းသွားကားလမ်းမကြီးဘေး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးရှေ့တွင်လည်းကောင်း၊ ညောင်ဦးခရိုင် ကုတင် ၂၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီးရှေ့တွင်လည်းကောင်း မြေစိုက်ပိုစတာအား အခမ်းအနားဖြင့် စိုက်ထူကြရာ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးခရိုင် ပညာရေးမှူး ဦးကျော်ဝင်း၊ မြို့နယ်ပညာရေးမှူးတို့က မြေစိုက်ပိုစတာအား အမွှေးနံ့သာရည်များ ပက်ဖြန်းကြသည်။ မြေစိုက်ပိုစတာစိုက်ထူပွဲအခမ်းအနားသို့ ညောင်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာအထန်းတန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် မူလတန်းကျောင်း ကျောင်းအုပ် ဆရာကြီး၊ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ဒီပါလင်း