တောင်ကြီး မေ ၁၅
မတ်လ ၂၈ ရက်နေ့တွင် လှုတ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့သည့် တောင်ကြီးမြို့နယ်နှင့် အေးသာယာမြို့အတွင်း နေအိမ်ပျက်စီးသည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနာကို မေလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီက တောင်ကြီးမြို့၊ ခရိုင်/မြို့နယ် စုပေါင်းရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့၊ ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းက ငလျင်ကြောင့် အဆောက်အဦပျက်စီးဆုံးရှုံးမှုအခြေအနေများ၊ ငလျင်ဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ပေးခြင်းနှင့် ကြည့်ရှုအားပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း၊ ငလျင်လှုပ်ခတ်မှုကြောင့် ငလျင်ဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများတွင်လည်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သွားရောက်ကြီးကြပ်ပြီး အမြန်ဆုံးဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့၊ ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းနှင့် တာဝန်ရှိသူများမှ တောင်ကြီးမြို့နယ်နှင့် အေးသာယာမြို့ရှိ ဘေးသင့်အိမ်ထောင်စု (၁၅၅) စု၊ လူဦးရေ (၇၆၄) ဦးတို့အတွက် တစ်ဦးလျှင် (၇၅၀၄၅) ကျပ်ဖြင့် ထောက်ပံ့ငွေကျပ် (၅၇၃၃၄၃၈၀) ကို ငလျင်ဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ကျော်ဇင်