ချမ်းအေးသာစံ မေ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအဆင့် (ကျောင်းတွင်းစစ်) စာမေးပွဲဖြေဆိုထားသည့် KG မှ Grade-11 ထိ ကျောင်းသားများ၏ အောင်စာရင်းများကို ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်ကြေငြာခဲ့ကြောင်း သိရသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအဆင့် (ကျောင်းတွင်းစစ်) စာမေးပွဲဖြေဆိုထားသည့် KG မှ Grade-11 ထိ ကျောင်းသားများ၏ အောင်စာရင်းများကို ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ထုတ်ပြန်ကြေငြာခဲ့ရာ ကျောင်းသား၊ကျောင်းသူများနှင့် ကျောင်းသားမိဘများမှ လာရောက်ကြည့်ရှုခဲ့ကြသည်။
ချမ်းအေးသာစံသာစံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း KG မှ Grade-11 ထိ ကျောင်းသား စုစုပေါင်း (၂၅၆၄၇)ဦး ဖြေဆိုခဲ့ရာ ရာနှုန်းပြည့်အောင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
ချမ်းမြေ့မောင် (ပြန်/ဆက်)