ကွမ်းခြံကုန်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ကွမ်းခြံကုန်း မေ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို  မေလ ၁၃ ရက်နေ့က ကွမ်းခြံကုန်းမြို့နယ်၊  ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌   ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေ့ဦးစွာ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဦးစီးအရာရှိဒေါ်နန့်ဆွေနွယ်ဦးက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လူငယ်နှင့်စာပေအကြောင်းအရာကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ခံဒေါ်နွယ်နွယ်အေးက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများတွင် မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်း အချက်အလက်များ၊Onlineရောင်းချခြင်းနှင့်စပ်လျဥ်း၍ သိကောင်းစရာအကြောင်းအရာများ ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ  အခမ်းအနားသို့ မြိုနယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူ များတက်ရောက်ကြပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ခင်းကျင်းပြသထားသော   စာအုပ်စာစောင်များနှင့်   နံရံကပ်စာစောင်များအား စိတ်ဝင်စားစွာ  ကြည့်ရှူလေ့လာကြကြောင်း သိရသည်။

ဆွေနွယ်