ရန်ကုန်တိုင်း‌ဒေသကြီး၌ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

ရန်ကုန် မေ ၁၄

ရန်ကုန်တိုင်း‌ဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကျင်းပသော ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံးတွင် ကျင်းပခဲ့သည်။

ဦးစွာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌမှ ပေးပို့သော သဝဏ်လွှာကို ကြက်ခြေနီဗဟိုကောင်စီဝင်၊ တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင် ဦးရန်အောင်မျိုးက ဖတ်ကြားခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဋ္ဌေးက အမှာစကားပြောကြားခဲ့ပြီး ကြက်ခြေနီလူမှုကရုဏာလုပ်ငန်းများတွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ကြသော အသက် (၆၅) နှစ်ပြည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လုပ်သက်နှစ် (၃၀) ပြည့်နှင့် လုပ်သက်(၁၅)နှစ်ပြည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုထူးချွန် (ပထမဆင့်) နှင့် လူမှုထူးချွန် (တတိယဆင့်) ရရှိသူများအား ဂုဏ်ပြုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များကို တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)