ရန်ကင်း မေ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ မြို့မစာကြည့်တိုက်ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း (BookClub) အဖွဲ့ စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရန်ကင်းမြို့နယ် စာပေချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင် စာရေးဆရာမ မအေးပွင့်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာပေချစ်မြတ်နိုးသူများအသင်းမှ စာရေးဆရာကျော်ဇင်၀င်း(မရမ်းကုန်း)က “ဘာသာပြန်စာပေအကြောင်းတစေ့တစောင်း” အကြောင်းအရာကို ဆွေးနွေးခဲ့ပြီး စာရေးဆရာမညွန့်ညွန့်(ကလော)က ဘာသာပြန်စာပေများနှင့် ပတ်သတ်ပြီး ထပ်ဆင့်ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး စာရေးဆရာမခြယ်မှုန်းသီက “ကြိုးလေးတစ်မျှင်” ဘာသာပြန်ဆောင်းပါး ၀တ္ထုကိုဖတ်ပြဆွေးနွေးခဲ့ပြီး စာရေးဆရာ ဦးသန်း၀င်းအောင်က ဘာသာပြန်ဆောင်းပါးများကိုပို၍ ဖတ်ရှု့သင့်ကြောင်း ထပ်ဆင့်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ရဲလေး (ပြန်ဆက်)