မဟာအောင်မြေမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေးတိုက်ကျွေး

မဟာအောင်မြေ မေ ၁၄

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်‌မြေမြို့နယ်အတွင်း မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် တက္ကသိုလ်ဝင် စာမေးပွဲအဖြေလွှာများ မီးလောင်ပျက်စီးခဲ့ရသဖြင့် တက္ကသ်ိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုရမည့် ငလျင်ဒဏ်သင့် ကျောင်းသား၊ ကျောင်းသူများအတွက် အောင်ချက်မြင့်မားရေးနှင့် သင်ယူမှုများ ပိုမိုထိရောက်စေ ရန်အတွက် မဟာအောင်မြေမြို့နယ်တွင် အ.ထ.က(၁၃)ကျောင်းဝန်းအတွင်း၌ ဧပြီလ (၂၈)ရက်နေ့မှစ၍ Camp(စခန်းသွင်း) ဖွင့်လှစ်သင်ကြား‌ပေးလျက်ရှိပြီး ကျောင်းသား၊ သူများ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်နိုင်စေရန် မေလ( ၁၂) ရက်နေ့မှစတင်၍ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုများကို အမှတ်(၁၃) အ.ထ.က ကျောင်း၌ Camp(စခန်းသွင်း) ဖွင့်လှစ်သင်ကြား‌ပေးနေသော ကျောင်းသား/သူ (၁၆) ဦး နှင့် အနီးကပ် စာသင် ကျောင်းသား/သူ (၂၅)ဦးတို့အား ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် အိပ်ဆောင်၊ ထမင်းစားဆောင်၊ ရေချိုးခန်းနှင့်အိမ်သာများအား chlorine ဆေးဖြန်းဆေးခပ်ခြင်းနှင့် Aquate ရေသန့်ဆေးပြားများခပ်ခြင်းတို့အား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်ဇော်မင်း