မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်

မြင်းခြံ မေ ၁၄

မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် အခမ်းအနားမှူး သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ သင်တန်းနည်းပြအဖြစ် မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က အခမ်းအနားမှူးတစ်ဦးတွင် ရှိရမည့် အရည်အချင်းများအကြောင်း၊ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်ရမည့်အချက်များနှင့် ဆောင်ရန်/ ရှောင်ရန်အချက်များ၊ အခမ်းအနားမှူး၏ ဝတ်စားဆင်ယင်မှုနှင့် အသံအနေအထားအကြောင်း၊ မိုက်ကရိုဖုန်းနှင့် ပြောဆိုရမည့် နည်းလမ်းများအကြောင်း၊ အသံ အဖြတ်အတောက်၊ အနိမ့်အမြင့် အသုံးအနှုန်းများအကြောင်းနှင့် အခမ်းအနားမှူးတာဝန်ကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် နည်လမ်းများကို စာတွေ့/ လက်တွေ့ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားမှူးသင်တန်းကို သင်တန်းသား/ သင်တန်းသူ (၆၈) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။                                           

ကျော်စွာ(မြင်းခြံ)