တာလေ မေ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ရပ်ကွက် (၃)/(၄) အုပ်စုအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ နေအိမ်များ၌ ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့က သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင်ရပ်ကွက်(၃)/(၄)အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ နေအိမ်များတွင် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပိုးလောက်လမ်းသေဆေး(အဘိတ်ဆေး)ခပ်ခြင်းလုပ်ငန်းများကို ကျေးလက်ကျန်းမာရေးဦးစီးဌာနခွဲမှ သားဖွားဆရာမ ဒေါ်နန်းစိန်ဦးဦးဆောင်သည့် အဖွဲ့များက သက်ဆိုင်ရာကျေးရွာတာဝန်ခံအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးနှင့် ကျောင်းအုပ်ဆရာ/ဆရာမများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)