လွိုင်လင် မေ ၁၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းဆောင်ရွက်ရာတွင် အရည်အသွေးမြင့်မားစေရန်၊ ကျွမ်းကျင်ဝန်ထမ်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ရုံးစာရေးသားနည်းသင်တန်းကို ယနေ့ နံနက် (၉)နာရီက လွိုင်လင်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်လျက်ရှိရာ ရှမ်းပြည်နယ်ရုံး ညွှန်ကြားရေးမှူး ဦးစိုးညွှန့်ရွှေတက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ်ရုံး ညွှန်ကြားရေးမှူး ဦးစိုးညွှန်ရွှေက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် အရည်အသွေး၊ အရည်အချင်းပြည့်ဝနေစေရန်၊ စဉ်ဆက်မပြတ်လေ့ကျင့်သင်ကြားသင်ယူနေရမည်ဖြစ်ကြောင်း၊ မိမိဌာနတွင်းသာမက အခြားဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများတွင် ထူးချွန်ထက်မြက်သည့် ဝန်ထမ်းများဖြစ်လာစေရန် ကြိုးစားအားထုတ်ကြရမည်ဖြစ်ကြောင်း၊ သင်တန်းကာလအတွင်းတွင် ကြိုးစားသင်ယူလေ့လာကြရန် မှာကြားခဲကြောင်း သိရသည်။ ဆက်လက်၍ သင်တန်းပို့ချမှုများကို အချိန်ဇယားအတိုင်း ဆောင်ရွက်ကြသည်။
အဆိုပါသင်တန်းသို့ လွိုင်လင်ခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း (၅၀) ဦး တက်ရောက်ကြပြီး သင်တန်းနည်းပြ (၅) ဦးဖြင့် သင်တန်းကာလ (၃) ရက် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)