စမ်းချောင်းမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

စမ်းချောင်း မေ ၁၄

ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် ကွင်းဆင်းဆောင်ရွက်‌ခြင်းကို မေလ ၁၂ ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန မှ  ၀န်ထမ်းများက ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့်  eID အထစမှ ထုတ်ယူရရှိသည့် ကိုင်ဆောင်လက်မှတ်မရှိသူများအား စမ်းချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်(၁၂)ရပ်ကွက်သို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် အခြေပြု၍ အိမ်အရောက် ကွင်းဆင်း စိစစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖြူသွယ်ထွန်း