ဒဂုံဆိပ်ကမ်း မေ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊အမှတ်(၂၇) ယာဥ်ထိန်းတပ်ဖွဲ့စုမှ တပ်ကြပ်ကြီးမျိုးဝင်းနှင့်အဖွဲ့သည် ယမန်နေ့နံနက်(၉:၀၀)အချိန်တွင် ပဲခူးမြစ်လမ်းနှင့် ကနောင်လမ်းစုံတွင် ယာဥ်အန္တရာယ်ကင်းရှင်းစေရန် အသိပညာပေး လုပ်ငန်းအားဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဘေးတွဲဆိုင်ကယ်များကြောင့် ယာဉ်အန္တာရယ်မဖြစ်ပေါ်စေရေး၊ စီးနင်းသူနှင့် အခြားလမ်းအသုံးပြုသူများ ဘေးကင်းစေရေးအတွက် သက်ဆိုင်ရာဒေသအာဏာပိုင်နှင့် ယာဉ်/လမ်းစည်ကမ်းထိန်းသိမ်းရေးအဖွဲ့များမှ ချမှတ်ထားသော မတက်ရလမ်းများမတက်ရန်၊ အခြားယာဉ်များသွားလာမှုကို အန္တရယ်ဖြစ်စေသည့်ဘရိတ်စနစ်ကို လျော့ပါးစေမည့် သံထည်အမိုးအကိုင်းများမတပ်ရန်၊ ပညာပေးဆောင်ရွက်စဉ် စည်းကမ်းမဲ့ အမိုးကိုင်းတပ်ယာဉ်များအား စုစည်း၍ အများနည်းတူ သတ်မှတ်စည်ကမ်းများလိုက်နာရန်၊ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းနှင့်အညီ မောင်းနှင်ရန်၊ လမ်းလယ်တက်မမောင်းရန်နှင့် ရောင်ပြန်များတပ်ရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။