ကိုကိုးကျွန်း မေ ၁၄
လူဝင်မူ့ကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၊ ကိုကိုးကျွန်းမြို့နယ် လူဝင်မူ့ကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၊ ကိုကိုးကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးတင်စိုးနှင့် ရုံးဝန်ထမ်းများသည် ယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် ကိုကိုးကျွန်းမြို့နယ် လေတပ်စခန်း၌ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစစ်ဆေးရေးကပ်ပြားများ ဆောင်ရွက်ပေးခြင်း၊ ယာယီနေထိုင်သူများအား (M) တံဆိပ်ပါ ယာယီအိမ်ထောင်စုလူဦးရေစာရင်းထုတ်ပေးခြင်း၊ မြေပြင်လူဦးရေစာရင်း မြေပြင်ကွင်းဆင်းလူဦးရေစာရင်း ကောက်ယူခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးတင်စိုးထံမှ သိရသည်။
ကိုကိုးကျွန်း (ပြန်/ဆက်)