မြောက်ဥက္ကလာပမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ သားဖွားဆရာမများနေ့နှင့် သူနာပြုများနေ့ အခမ်းအနား ကျင်းပ

မြောက်ဥက္ကလာပ မေ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုသင်တန်းကျောင်းတွင် အပြည်ပြည်ဆိုင်ရာ သားဖွားဆရာမများနေ့နှင့် သူနာပြုများနေ့အခမ်းအနားကို  မေလ ၁၂ ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် အဆိုပါကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

ဦးစွာ မြောက်ဥက္ကလပမြို့နယ် ကျန်းမာရေးလူစွမ်းအားအရင်းအမြစ်ဦးစီးဌာန၊သူနာပြုသင်တန်းကျောင်းအုပ်ဆရာမကြီးဒေါ်နွယ်နီစိုးက အမှာစကားပြောကြားခဲ့ပြီး  International Midwife Day ဆောင်ပုဒ်နှင့် မြန်မာနိုင်ငံရှိ သားဖွားဆရာမများ၏အခန်းကဏ္ဍနှင့် ပတ်သတ်၍ သင်တန်းသူတစ်ဦးက ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ International Nurses Day ပေါ်ပေါက်လာပုံနှင့်  2025 ခုနှစ် International Nurses Day Theme ၏ လုပ်ငန်းများ ဆောင်ရွက်ပုံများအား သူနာပြုတစ်ဦးက ရှင်းလင်းပြောကြားခဲ့ပြီး သူနာပြုမိခင်ကြီး Florence Nightingale ၏အတ္ထုပတ္တိအကြောင်း Role play ဖြင့် သင်တန်းသား ၊ သင်တန်းသူများက သရုပ်ဖော်ခဲ့ကြသည်။ ထို့နောက် Nursing Process  နှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားကာ သင်တန်းသား၊ သင်တန်းသူများ တေးသရုပ်ဖော်များဖြင့် ကပြ ဖျော်ဖြေ ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးမှ ဒုတိယညွန်ကြားရေးမှူးဒေါ်လဲ့လဲ့ဝင်း၊ သူနာပြုသင်တန်းကျောင်းအုပ်ဆရာမကြီးဒေါ်နွယ်နီစိုး ၊သူနာပြုအုပ်များ ၊ ဒုတိယသူနာပြုအုပ်များ ၊ဆေးရုံကြီးလူနာဆောင်မှ သူနာပြုဆရာမကြီးများ၊ သင်တန်းသား ၊ သင်တန်း‌‌သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး