ရွှေပြည်သာမြို့နယ်၌ ဆောက်လုပ်‌ရေးပစ္စည်းအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

ရွှေပြည်သာ မေ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်များအား ဈေးမြှင့်တင်ရောင်းချမှုမရှိစေရန်နှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုများ မရှိစေရန်၊ ရောင်းချမှုမရှိဘဲ ကြာရှည်စွာ သိုလှောင်ထားရှိမှုများ မရှိစေရန် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များဖြင့် ယ‌နေ့မနက်ပိုင်းတွင် ဆက်လက်ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့သို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် အမှတ် (၂၀) ရပ်ကွက် ဟင်္သာလမ်းရှိ ထူးမိသားစုအိမ်ဆောက်ပစ္စည်းဆိုင်အားလည်းကောင်း၊ အမှတ် (၂၀) ရပ်ကွက် စက်မှုလမ်းပေါ်ရှိ ဝင်းဝင်း‌မော်အိမ်ဆောက်ပစ္စည်းဆိုင်တို့အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း (ပြန်/ဆက်)